iOS၏ နာမည်ကျော် appဖြစ်သော Frontback androidအတွက် ထွက်ရှိလာပြီနော်။
iOS၏ နာမည်ကျော် appဖြစ်သော Frontback androidအတွက် ထွက်ရှိ
Posted by Star Tek
မိမိကိုယ်ကို ဓာတ်ပုံရိုက်ခြင်းက အရမ်းကို ခေတ်စားလာတဲ့အတွက် Oxford အဘိဓာန်မှာတောင် selfie ဆိုတဲ့ စကားလုံးကို ထည့်သွင်း ပေးခဲ့ရပါတယ်။ selfieရိုက်ရတာ ကြိုက်တဲ့သူတွေကြောင့် ဓာတ်ပုံရိုက်တဲ့ appတွေများစွာ ထွက်ရှိခဲ့ပြီး အနည်းငယ်ကပဲ အောင်မြင်ကြပါတယ်။
အောင်မြင်သည့် app အနည်းငယ်ထဲမှ appတစ်ခုကတော့ Frontbackလို့ အမည်ရပြီး iOSမှာ ခေတ်စားပါတယ်။ မနေ့ကမှ Frontbackဟာ Androidအတွက် ထွက်ရှိလို့ လာပါတယ်။ iOSမှာတည်းက လူကြိုက်များပြီးသား ဖြစ်တဲ့အတွက် ထွက်ထွက်ချင်းကို Google Playမှာ download 10,000ကျော်သွားပါပြီ။
Frontbackဆိုတာ ဘာမှန်းမသိသူတွေအတွက်ကတော့ Frontbackဆိုတာဟာ selfie နဲ့ ပုံမှန်ဓာတ်ပုံကို ပေါင်းစပ်ပေးတဲ့ appပါ။ Frontbackမှာ ရှေ့ကင်မရာရော နောက်ကင်မရာပါ သုံးပြီး ဓာတ်ပုံရိုက်လို့ ရပြီး ထိုရိုက်လို့ ရတဲ့ ပုံနှစ်ပုံကို ပေါင်းစပ်ပေးပါတယ်။ သူရဲ့ အားသာချက်ကတော့ မိမိကိုယ်ကို ရိုက်လို့ရပြီး တချိန်တည်းမှာ ကိုယ်ဘာကို ကြည့်နေတယ်ဆိုတာ ရိုက်လို့ ရပါတယ်။ ထိတ်လန့်စရာ မြင်ကွင်းမျိုးကို နောက်ကင်မရာနဲ့ ရိုက်ပြီး ရှေ့ကင်မရာကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့နေတဲ့ မျက်နှာကို ရိုက်ပြလို့ ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အသုံးတည့်တဲ့ appလေးပါ။ သူ့ကို အသုံးပြုဖို့ account createလုပ်ရမှာ ဖြစ်ပြီး တခြား social networkတွေလိုပဲ ကိုယ့်ဓာတ်ပုံကို တင်လို့ရပါတယ်။ နောက်ပြီး ကိုယ်တင်ထားတဲ့ပုံကို Facebookတို့ Twitterတို့မှာလည်း ပြန်shareလို့ ရပါတယ်။
Google Play: https://play.google.com/store/apps/details?id=com.checkthis.frontback
No comments:
Post a Comment